ခွင့်မလွှတ်ပါနဲ့ကွယ်

၁၂ ထပ်တိုက်ကြီး၏ ဆင်ဝင်ရှေ့သို့ Honda Civic ကားလေးတစ်စီး ငြိမ့်ကနဲ ရပ်လိုက်သည်။ တာဝန်ကျ လုံခြုံရေး ဝန်ထမ်းကလေးက ကားနောက်ခန်းတံခါးကို လာဖွင့်ပေး၏။ ပြင်သစ်ဆံထုံး ထုံးထားပြီး ရင်ဖုံးအင်္ကျီလက်ရှည်နှင့်ထမီကို မြန်မာဆန်စွာ ဝတ်ဆင်ထားသော အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦး ကားပေါ်မှ ဆင်းလာသည်။ သူမ အမည်က ထင်သစ္စာ။ “ရောင်နီဦး” ကုမ္ပဏီပိုင် စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုအပါအဝင် ဖြစ်သော ခရီးသွားလုပ်ငန်းကို ဦးဆောင်မည့် အုပ်ချုပ်မှုဒါရိုက်တာ အသစ်။ ထင်သစ္စာ ထိုင်ရမည့် ရုံးခန်းထဲရောက်တော့ ကုမ္ပဏီဥက္ကဌ ကိုယ်တိုင် စောင့်ကြိုနေတာ တွေ့ရသည်။ “မင်္ဂလာပါ မထင်သစ္စာ.. ကျွန်တော် ညီညီနိုင်ပါ..” “ဟုတ်ကဲ့ရှင့်။

တွေ့ရတာဝမ်းသာပါတယ်..” ထင်သစ္စာ ဆိုသည့် အမျိုးသမီးက ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး စီမံအုပ်ချုပ်မှု အတွေ့ကြုံ ရင့်ကျက်ပြီးသူမို့ ဦးညီညီနိုင် အနေဖြင့် အထွေထူး ပြောနေဖို့ မလို။ မိမိပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းစု များစွာထဲမှ အရှိန်ကျလုလု ဖြစ်နေသည့် ခရီးသွားလုပ်ငန်းအတွက် သည်အမျိုးသမီးကို ရဖို့ အတော်လေး ကြိုးစားလိုက်ရသည် မဟုတ်ပါလား။ ထင်သစ္စာက သာမန်အောက်ခြေဝန်ထမ်း ဘဝမှ သည်လိုနေရာ ရောက်လာသည့် အမျိုးသမီးတစ်ဦး။ ဇွဲကောင်းပြီး ထက်မြက်သော သူမကို လိုချင်သည့် လုပ်ငန်းရှင် မနည်းလှ။ သည်ထဲမှာမှ သူမကို ရလိုက်သည့် ဦးညီညီနိုင် အကျေနပ်ကြီး ကျေနပ် နေမိသည်။

စူးရှတောက်ပသော မျက်ဝန်းများ၊ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းထူထူ၊ နွေးထွေးဟန် ရှိသော်လည်း လုံးဝ ပြုံးမနေသည့် မျက်နှာထား၊ အရပ်မြင့်မြင့် ကိုယ်လုံး တောင့်တောင့် အပျိုကြီးမမ ထင်သစ္စာ။ ဝတ်ထားသည့် ကြက်သွေးရောင် ဝတ်စုံကြောင့်ပဲလား၊ သူမ ပုံစံက ဆူးများ၏ အထက်တွင် ဝင့်ကြွားစွာ ပွင့်နေသည့် နှင်းဆီ တစ်ပွင့်နှင့်ပင် တူနေသေးတော့၏။ “ရောက်ရောက်ချင်း ရှင်းရမယ့် အမှုလေး ရှိတယ် မသစ္စာရေ.. တစ်ချက် ကြည့်လိုက်ပါဦးဗျာ.. ခရီးရောက်မဆိုက် အလုပ်ပေးရတာ အားတော့နာပါတယ်..” “အားနာစရာမှ မဟုတ်ဘဲ ဦးညီညီနိုင်.. ကျွန်မက အလုပ်လုပ်ဖို့လာတာလေ.. ပြီးတော့ ကျွန်မကို ထင်သစ္စာလို့ပဲ ခေါ်စေချင်ပါတယ်..” ။

“အာ.. အင်း.. ဟုတ်.. ဟုတ်ကဲ့.. စောရီး မသစ္စာ.. အဲ မထင်သစ္စာ.. စိတ်မရှိပါနဲ့ဗျာ..” “ကိစ္စမရှိပါဘူးရှင့်.. ကဲ တခြား ပြောစရာမရှိရင် ကျွန်မ အလုပ်စတော့မယ်..” ဦးညီညီနိုင် စိတ်ထဲ တင်းသလိုလို ဖြစ်သွားရသော်လည်း ဘာထပ်ပြောရမည် မသိသဖြင့် ထွက်လာခဲ့လိုက်သည်။ မိမိအုပ်ချုပ်မှုအောက်တွင် ရှိသည့် လုပ်ငန်းများမှ ဝန်ထမ်းတိုင်း မိမိ ထံမှ ရင်းနှီးမှုကို အလုအယက် ကြိုးစားကြသည်ချည့်ပင်။ ယခုတော့ မိမိအား သူမနာမည်ကို အဖျားဆွတ် မခေါ်ရန် အသိပေးပြီး မိမိ ထထွက်လာသည်ကို တစ်ချက်မျှပင် မော့မကြည့်ဘဲ စားပွဲပေါ် တင်ထားသည့် စာရွက်စာတမ်းများကို တစ်ရွက်ချင်း ဖတ်နေသည့် အမျိုးသမီး တစ်ယောက်ကို သူ မြင်ဖူးသွားရပြီ။

“မမ.. အပြင်မှာ ဧည့်သည် ရောက်နေတယ်.. လမ်းသစ် တိုးရ် ကတဲ့..” “သြော.. အွမ်းးးးးး လွှတ်လိုက်လေ..” “ဟုတ်ကဲ့ မမ..” အင်တာကွန်းမှ အသံတိတ်သွားပြီး မိနစ်ဝက်ခန့်အကြာ။ တံတောင်ဆစ်နားထိ ခေါက်တင် ထားသည့် ရှပ်လက်ရှည် အဖြူရောင်နှင့် ခဲရောင် စတိုင်ဘောင်းဘီကို သေသပ်စွာ ဝင်ဆင်ထားသည့် အသက် ၂၅နှစ်ခန့် အရွယ် လူငယ် တစ်ဦး ဝင်လာသည်။ ပုခုံးထောက်လုလု ဆံပင်ရှည်ကို နောက်ဘက်တွင် စုချည်ထားပြီး လက်ထဲတွင် ဖုန်းတစ်လုံးနှင့် ကားသော့လေးသာ ကိုင်လာသည့် အမျိုးသားလေး။ သူရယ်လို့ မဟုတ်သော်လည်း လမ်းသစ် တိုးရ်မှ တစ်ယောက်ယောက် မိမိထံ ရောက်လာလိမ့်မည် ဆိုတာကို ထင်သစ္စာ သိနှင့်သည်လေ။

တိရိသော မျက်ခုံးများနှင့် ကိုင်းနက် မျက်မှန်အောက်မှ မျက်လုံးတောက်တောက်များ။ ပိရိသေသပ်သော နှုတ်ခမ်းအစုံက ပြုံးခြင်း မရှိ။ မေးရိုးထင်းထင်းပေါ်တွင် ရိတ်သင်ခါစပါးသိုင်းမွေး အရာလေးက စိမ်းညို့နေသည်။ လူပုံစံလေး ကြည့်ပြီး မြန်မာစစ်စစ် ဟုတ်ပုံမရဟု တွေးနေမိဆဲမှာပင် ဩရှရှ ခပ်ဝဲဝဲ စကားသံလေးက ထင့် အတွေး မမှားကြောင်း သက်သေ ဖြစ်သွား၏။ “မင်္ဂလာပါခင်ဗျ.. ကျွန်တော် ကောင်းကင်ယံပါ.. လမ်းသစ် Travel & Tour က မန်နေဂျာပါ..” “မင်္ဂလာပါရှင်.. ထိုင် မောင်လေး.. ကော်ဖီလား အအေးလား.. အစ်မ နာမည်တော့ သိပြီးသားထင်လို့ မိတ်မဆက်တော့ဘူးနော်..” “ဗျာ.. ရတယ် ခင်ဗျ.. ကျွန်တော် မသောက်တော့ပါဘူး..” မြန်မာပြည်ရှိ ခရီးသွားလုပ်ငန်းများအနက် အကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရောင်နီဦး မှ ဒါရိုက်တာ အပျိုကြီးမမ။

တနည်းအားဖြင့် မိမိ စတင်ထားသည့် လုပ်ငန်းသစ် အစီစဉ်သစ်ကို ဦးနှောက် ဖောက်စားသွားသည့် ကုမ္ပဏီကြီး၏ ပဲ့ကိုင်ရှင်။ ထင်သစ္စာ ဆိုသော နာမည်ကို ကြားဖူးစက မျက်နှာကြောတင်းတင်းနှင့် ခပ်ရင့်ရင့် ခပ်ကြောကြော အမျိုးသမီး တစ်ဦး ဖြစ်မည်ဟု ထင်ထားသော်လည်း ယခုလို တွေ့လိုက်ရတော့ အထင်နှင့် အမြင် တခြားစီလို။ ခေါင်းကလေး ငဲ့မလိုဟန်ဖြင့် ချိုမြစွာပြုံးရင်း မင်္ဂလာပါ ရှင်… ဟု နှုတ်ဆက်လိုက်ပုံက မိမိ ရောက်လာမည်ကို ကြိုသိနေသယောင်။ မောင်လေး ဆိုသည့် အခေါ်ဝေါ်ကလည်း နွေးထွေးနေသည်။ တကယ်တော့ မိမိက သည်ကို လာခဲ့တာ ရန်တွေ့ဖို့။ မိမိအား မတွေ့တာ ကြာသည့် ဆွေမျိုးရင်းကို ကြိုဆိုသလို ပုံစံနှင့် ကြိုဆိုလိုက်သည့် သူမ၏ အပြုအမူကို ကြည့်ပြီး မောင်းတင်လာသည့် စကားလုံးများ ဘယ်ရောက်သွားသည် မသိ။

“Camping ကိစ္စ ဟုတ်.. အစ်မ အဲ့ဝန်ထမ်းကို သတိပေးပြီးပါပြီ.. မောင်လေးတို့ ဘက်ကနေ သူ ယူလာတဲ့ အချက်အလက်တွေလည်း အကုန် သိမ်းလိုက်ပြီ ထပ်ပြီး အသုံးမပြုဖို့ပါ အစ်မ မှာထားတယ်.. အစ်မတို့ ကုမ္ပဏီ Official page ကနေလည်း အဲ့သည် Trip အတွက် လမ်းသစ်တိုးရ်ကိုပဲ တိုက်ရိုက်ဆက်သွယ်ဖို့ပါ ကြေငြာ ပေးထားပါတယ်..” “ဟုတ်ကဲ့..” “အွမ်း.. ဘာထပ်လုပ်ပေးစေချင်သေးလဲ.. သူ့ကို အပြစ်ပေးဖို့က လွဲရင်ပေါ့.. အစ်မ လုပ်ပေးစေချင်တာ ရှိရင် ပြောပါ..” “သူ့ကို အပြစ်ပေးစေချင်တာ ဆိုရင်ရော..” “သူ့မှာ အပြစ်မရှိဘူးလေ ကလေးရယ်..” “မလုပ်သင့်ဘူးလေ..” ။

“မလုပ်သင့်တာ ဆိုတာက… ….. အွမ်း မလုပ်သင့်ဘူးပဲ ထားပါတော့.. အပြစ်ပေးဖို့အထိ ဆိုတာကျတော့ သူလုပ်လိုက်တာက မောင်လေးတို့ဆီမှာ ပါ့ပလစ်တင်ထားတဲ့ အစီအစဥ်ကို သည်ဘက်မှာပါ လာရှဲလိုက်တာ လောက်ပဲရှိတယ်.. သူ့အစီစဉ်ပါ ဆိုပြီး ချပြတာမျိုး မဟုတ်တော့ ခိုးတယ်လည်း ပြောလို့ မရဘူးလေကွယ်.. တွေးတတ်ရင် သူလုပ်လိုက်တာက လမ်းသစ်တိုးရ်ကို ကြော်ငြာ ပေးလိုက်တာနဲ့တောင် တူပါသေးတယ်..” “ကျွန်တော်ကတော့ ကျွန်တော့် ဦးနှောက် ဖောက်စားတယ်ပဲ မြင်တာ..” “အဲ့လို လုံးဝ မဟုတ်တာတော့ သေချာတယ် မောင်လေး.. အစ်မလူမို့ ကာပြောတယ် ထင်မလားတော့ မသိဘူး.. တကယ်က ခရီးသွားလုပ်ငန်း လုပ်တဲ့သူတိုင်း အစ်မလူပါပဲ.. အခုကိစ္စမှာ ပြဿနာလို ပုံစံမျိုး ဖြစ်မသွားခင် မင်း အစ်မဆီ လာလိုက်ရမှာ.. ။

ခုလည်း ပြဿနာတော့ ဖြစ်မသွားပါဘူး.. ရှေ့ဆက် အတူတူ အလုပ်လုပ်သွားလို့ ရတယ်လေ နော်.. ပြီးခဲ့တဲ့ ကိစ္စအတွက် အစ်မလည်း လုပ်နိုင်သလောက် ပြန်လုပ်ပေးထားပြီးပြီ.. သူလည်း တောင်းပန်ထားပြီးပြီ ဆိုတော့..” မိမိ မျက်လုံးများအား တည့်တည့်စိုက်ကြည့်ပြီး ချိုသာစွာ ပြောနေသည့် သူမ။ ပြုံးနေသည့် ထူပြည့်ပြည့် နှုတ်ခမ်း။ အထွန့်တက်စရာ စကားလုံးမရှိအောင် တိရိသေသပ်သော စကားလုံးများ။ သူမ အပြုအမူ အောက်တွင် ထွက်လက်စ ဒေါသလေးပင် ပြန်ရှာမရတော့။ ထပ် စိတ်တိုပြန်လည်း မိမိအလွန် ထပ်ဖြစ်ရပေဦးမည်။ နောက်ဆုံးတော့ သည်အမျိုးသမီးနှင့် မိမိ လာရောက်တွေ့ဆုံမိခြင်းသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အတွေ့ကြုံများ၊ လုပ်နည်း လုပ်ဟန်များ အကြောင်း ဆွေးနွေးသည့် စကားဝိုင်း ဖြစ်သွားရသည်။

သူမ ပြောသမျှထဲ မိမိ ရင်ထဲ အရောက်ဆုံး စကားများက “အစ်မ အတွက်တော့ ဘာပဲလုပ်လုပ် တာဝန်ရယ် စေတနာရယ်ဟာ ထပ်တူညီပဲ” ဆိုတာရယ် “ကိုယ်ဝါသနာပါလို့ လုပ်တဲ့ အလုပ်တိုင်းက ကိုယ့်အနုပညာပါ.. ကိုယ့်အနုပညာကို လှသထက် လှအောင် ကြိုးစား.. တခြား သိပ်မကြည့်နဲ့..” ဆိုတာရယ်။ သူမအား နှုတ်ဆက်ပြီး အိမ်အပြန် လမ်းတလျောက် ကောင်းကင်ယံ ရင်ထဲ ပါလာသည်က စူးရှထက်မြက်သော မျက်ဝန်းတစ်စုံ၊ ကြည်လင်ချိုသာသော စကားလုံးများ၊ ပြုံးသည် ဆိုယုံကလေး ပြုံးထားသည့် ထူပြည့်ပြည့် နှုတ်ခမ်း၊ ရေချိုးခန်းထဲက ခုမှ ထွက်လာသူလို လတ်လတ်ဆတ်ဆတ် ရနံ့ တစ်ခု။

သူမ ထံမှ ပြန်လာပြီး တစ်နေ့တာ အလုပ်များ ပြီးသည့်နောက် ညအိပ်ရာဝင်ချိန် ထုံးစံအတိုင်း သီချင်းတစ်ပုဒ် တီးရန် ဂစ်တာလေးဆွဲပြီး ဝရန်တာမှာ ထိုင်လိုက်သည်။ တိမ်ကင်းစင်သည့် ဆောင်းရာသီမို့ ညမှောင်သော်လည်း ကောင်းကင်ယံက ကြည်လင်နေ၏။ ထို ကြည်လင်နေသော ကောင်းကင်ယံတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာက ခပ်ရေးရေး ပေါ်လာသည်။ သူမကား ထင်သစ္စာ။ ကောင်းကင်ယံတွင် ထင်သော သစ္စာ.. .. .. ။ အနုပညာဆန်စွာ ဝင်လာသည့် ထိုအတွေးကြောင့် ကောင်းကင်ယံတစ်ယောက် ပြုံးမိလိုက်သည်။ “ရှေ့ဆက် အတူတူ အလုပ်လုပ်သွားလို့ ရတယ်လေ နော်.. ပြီးခဲ့တဲ့ ကိစ္စအတွက် အစ်မလည်း လုပ်နိုင်သလောက် ပြန်လုပ်ပေးထားပြီးပြီ.. သူလည်း တောင်းပန်ထားပြီးပြီ ဆိုတော့..” ဟူသော စကားသံလေး နားထဲ ပြန်ရောက်လာပြန်၏။

မင်း ဒေါသထွက်လည်း ငါ့လူကို ဘာမှ ထပ်လုပ်လို့ မရဘူး ကောင်လေး ဆိုသည့် သဘောအား လှပစွာ ပုံဖော်လိုက်သည့် သူမ စကား။ ထိုတုန်းက မပြောဖြစ်ခဲ့သည့် စကားတစ်ခွန်းကို ရင်ခုန်စွာဖြင့် တီးတိုး ရေရွတ်လိုက်၏။ “ဆိုတော့ … … … … ဆိုတော့ ကျုပ်က ခင်ဗျားနဲ့ တွေ့ဖို့ ဖူးစာပါလို့ ရောက်လာမိတယ်ပဲ ပြောပါတော့.. ဟက်ဟက်။” ခြောက်လခန့်ကြာသော် “ကျွန်တော့် မှတ်မိလား..” “အိုး.. ကောင်းကင်ယံ..” “ဟက်ဟက်.. မှတ်မိသားပဲ..” “အမယ်.. ကျုပ် အဲ့လောက် အသက်မကြီးသေးပါဘူးနော်.. လာထိုင်.. ဘာသောက်မလဲ.. တစ်ယောက်တည်းလား..” “Yup… မမရော.. အဲ မမလို့ ခေါ်တာ အဆင်ပြေရဲ့လားမသိ..” “ခစ်ခစ်.. ညီမလေးလို့ ခေါ်ချင်လို့လား.. လုပ်ပါနဲ့အေ..” “ဟားဟား.. ထင်မထားဘူး.. စက်ရုပ်ကြီးလို အလုပ်လုပ်တဲ့ မမက ရယ်စရာ ပြောတတ်မယ်လို့..” ရယ်သံလွင်လွင်လေးများ စီဝေသွားသည့် ကော်ဖီဆိုင်လေး။

ထိုနေ့မှ စ၍ ထင် နှင့် ကောင်းကင်ယံ သည်ဆိုင်လေးတွင် နေ့တိုင်းနီးပါး တွေ့ဖြစ်ကြသည်။ သူမ နာမည်ကို အဖျားဆွတ်ခေါ်လျင်ပင် မကြိုက်တတ်သည့် အပျိုကြီးမမ သည်ကောင်လေးကျမှ မမ ဆိုသော နာမ်စားလေးကို သဘောကျ နေမိသည်။ အလုပ်နှင့် ဆိုင်တာတွေရော မဆိုင်တာတွေပါ ပြောဖြစ်ကြရင်း အရင်းနှီးဆုံး သူစိမ်းအဆင့် ရောက်သွားကြသည်။ မျက်နှာကြောတင်းသည့် အပျိုကြီးမမနှင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကောင်ချောလေး။ တစ်ယောက်ကို တစ်ယောက် ဖွင့်မပြောဘဲ စိတ်ချင်း နီးစပ်ခဲ့ကြသည်။ ကိုယ်ချင်းပါ ပူးကပ်သွားမိကြပုံက “သူက လူသစ်.. ဘာမှ နားမလည်ဘူး မမ.. ဖြစ်နိုင်ရင် ကျွန်တော် ကူညီပေးချင်တယ်.. သည်ကောင်တွေ သူ့ကို လူလည်ကျနေတာ..”။

“အွမ်း.. သည်နယ်ပယ်က သည်လိုပါပဲ.. ကူညီတာလည်း ကူညီ.. ဒေါသတော့ မပါစေနဲ့.. ဒေါသ ပါလိုက်ရင် ဘာလုပ်လုပ် ရှုံးကို ရှုံးတယ်..” “ကျွန်တော် မမကို ရှုံးသလိုလား..” “အလိုတော်.. ရှုံးရအောင် ရှင်နဲ့ကျုပ်က ပြိုင်ဖူးလို့လား..” “ပြိုင်ချိန်ကို မရလိုက်တာလေ.. တောက်ချတာ လက်သန်းလေးနဲ့..” “ကြံကြံဖန်ဖန် ကောင်းရယ်.. စကားတတ်တိုင်း ပေါက်ကရတွေ မပြောစမ်းနဲ့..” “ဘာမှ ပေါက်ကရ မဟုတ်ဘူး.. တကယ်.. ကျွန်တော် မမကို ကြွေသွားတာ အဲ့တုန်းကတည်းကပဲ..” “ဘာ ရယ်..” “ဟီးဟီး..” “ဟွမ်းးး..” “မမ..” “ဘာတုန်း..” “ရှက်သွားတာလား..” “အောင်မာ.. ရှက်ရအောင် ပေါက်ကရ ပြောတာ ညည်းလေ.. ကျုပ်က ဘာကိစ္စ ရှက်ရမှာ..” “အဲ့ဒါဆို ဖြေ.. ကျွန်တော့် ချစ်လား..” “ဟေ..” “ဟီးဟီး..” “ကောင်းကင်ယံ..”။

“ဗျာ..” “အရူးကောင်..” “ရူးလား မရူးလား ကျွန်တော့် မျက်နှာ ကြည့်လေ.. မျက်လုံးကို သေချာကြည့်..” “အွမ့်..” “ချစ်တယ်ဗျာ.. မမကို ကျွန်တော် ချစ်တယ်.. ကြာပြီ ချစ်နေတာ..” “အိုး..” စူးရဲတောက်ပသော မျက်ဝန်းနှစ်စုံတို့ အောက်တွင် နှလုံးသားနှစ်ခုသည်လည်း ဆတ်ဆတ် လှုပ်ခါလျက်။ ထင့် ပါးပြင်ကလေး ပူနွေးလို့လာသည်။ မေ့ထားတာ ကြာပြီ ဖြစ်သည့် အချစ်ဟူသော အငွေ့အသက်က တား၍လည်း ရပ်မည် မထင်တော့သလို တားဖို့လည်း စိတ်ကူး မရှိခဲ့ပါပေ။ “မမ ညနေအားလား.. ကျွန်တော် လာမလို့..” “မအားတော့ရော လာလို့ မရလို့လား.. အပိုတွေ ပြောပြန်ပြီ..” “အပေါက်မဆိုးနဲ့ကွာ.. ပြောစရာရှိလို့ဟာကို..” “ဘယ်ကောင်မလေးကို ကူညီဖို့ကိစ္စ ပြောမှာတုန်း..”။

“ဟားဟား.. သဝန်တိုတယ် ကျန်း.. ရုပ်ကြီးက ထော်လန် ပုပ်သိုး..” “အေးဟေ့ ငါက ထော်လန်ပုပ်သိုးတယ်. ပိပိရိရိ ပြုံးတတ်တဲ့ဟာလေးတွေ များကြီးရှိတယ်မလား မင်းအနားမှာ.. သွားနေ သူတို့နဲ့..” “နေစရာလား.. မမ နားပဲနေမှာ.. အဲ့ဒါတွေက အပေါ်ယံတွေ..” “တော်စမ်းပါ..” “တော်မှာပါ.. အလုပ်ရှိသေးတယ်.. ညနေ လာခဲ့မယ်.. သနပ်ခါးလူးထား..” “လူးထားမယ်.. ရွှေပြည်နန်း..” ညနေရောက်တော့ ကောင်ချောလေးက ဂစ်တာ တစ်လက်၊ စားစရာတွေ တစ်ပုံတစ်ပင်နှင့် ရောက်ချလာသည်။ ချစ်ရပါသော မမအတွက် သီချင်း လက်ဆောင် လာပေးရင်း ညစာ စားခြင်း။ မိန်းမ မပီသသော ထင် က ဘာဟင်းမှ မချက်တတ်သလို အချဉ်အစပ်တွေလည်း စားလေ့မရှိ။ ပူလွန်း အေးလွန်းတာတွေလည်း မကြိုက်တတ်။

ကောင်းကင်ယံက ထင့်အတွက် ဆိုလျင် အရသာရော အပူချိန်ပါ သင့်တင့် မျှတသည့် ဆိုင်ကောင်းကောင်းကို ရှာထားရသည်။ ဒါကို ထင်ပင် မသိ။ အလုပ် များလွန်းကြသူများမို့ ရှားရှားပါးပါး အနားယူချိန်ကလေးတွင် ကောင်း ယူလာသည့် အစားအသောက်များကို စားပြီး ဆိုပြသည့် သီချင်းများ နားထောင်ရခြင်းက ထင့်အတွက် အကြည်နူးရဆုံး။ ထင် လုပ်ပေးရမှာက သနပ်ခါးအဖွေးသား လိမ်းထားဖို့ တစ်ခုတည်း။ “ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလား ပြောပါ.. ကျွန်တော် သိပ်ချစ်တတ်တာ ကျွန်တော်သာ အသိပါ.. လိမ်ပြီးမပြောတတ်တာ ကလေးလေး ဘဝကတည်းကပါ.. မမ နားလည် ငဲ့ညှာပါ..” အသံဝဲဝဲလေးနှင့် ဂစ်တာသံ လွင်လွင်လေးက ချစ်စရာ ကောင်းလွန်းသည်။ မိမိအတွက် ဆိုသည့် ခံစားချက်က ရင်ကို အထူးကြည်နူးစေ၏။

လူအများ အပန်းပြေဖို့ ခရီးတွေ စီစဉ်ပေးရသည့် ထင့်လို လူအတွက် ငွေပေးဝယ်ရသည့် အပန်းဖြေနည်းတွေက ဘာတန်ဖိုးမှ မရှိ။ လရောင်အောက်တွင် ချစ်သူ၏ သီချင်းသံကို နားထောင်ရင်း မှေးစက်ရတာသည် ဘာနဲ့မှ မလဲနိုင်သော ပီတိကို ပေးသည်။ သည့်ထက် အဖိုးတန်သော အပန်းဖြေနည်း မရှိ။ မကြာမီ အချိန်အတွင်း သည့်ထက် ရင်ခုန်လှုပ်ရှားရသော အပန်းဖြေနည်း အသစ် လာတော့မည်ကိုတော့ ထင်လည်း မသိ။ ကောင်းကင်ယံလည်း ကြိုတွေးမထား။ “အိပ်ချင်ပြီလား မမ..” “အွမ်းးး..” “အိုခေ.. ကျွန်တော် ပြန်တော့မယ်.. တံခါးလိုက်ပိတ်ဦး.. ထ ထ.. အပျင်းတုံးကြီး” “ပိတ်သွားလိုက်ကွာ.. ထရမှာ ပျင်းလို့..” “အာ.. အိပ်ရာထဲတော့ သွားလေကွာ.. လေတိုက်ထဲ အိပ်မလို့လား” “အားကြီးစကားများတယ်.. ပြန်စရာရှိ ပြန်ဟယ်..” ။

“ခင်ဗျားကြီး အိပ်ရာထဲ ရောက်မရောက် ဘယ်လိုစိတ်ချမတုန်း.. ကြာတယ်ကွာ.. ချီပို့မယ်..” “အိုးးးး..” ကွေးကွေးလေး အိပ်နေသည့် ထင့်ကို ဆွဲပွေ့ပြီး အိပ်ရာထဲ ချီ သယ်လာခဲ့သည်။ ထင်မထားသော အပြုမူမို့ ထင့် ရင်ထဲ လှပ်ခနဲ။ ပါးပြင်ကို ငုံနမ်းလိုက်သည့် ကောင်း၏ အနမ်းတို့ကို နှစ်လိုစွာ ခံယူရင်း လည်တိုင်ကို ခိုထားမိလိုက်သည်။ ခုတင်ဆီ ရောက်တော့ “ပစ်ချလိုက်ရမလား.. ဝုန်း ဆို.. ဟွမ်..” “လုပ်ကြည့်လေ.. ငါ့ ခါး ကျိုးလို့ကတော့ အသေပဲမှတ်..” “ဟားဟား.. ကျုပ်ခါးက ကျိုးတော့မယ် ခုကိုပဲ.. မနိုင်တော့ဘူး..” “အောင်မာ.. နင့် ဘယ်သူ ချီခိုင်းလို့တုန်း..” “လေဖြတ်နေမှာစိုးလို့ ချီလာပေးတာလေ.. ကျေးဇူးမတင်ဘူးပေါ့.. အေ အေ တွေ့မယ်..” “အမလေး.. မူးတယ်ဟဲ့ အရူးကောင်ရဲ့.. ချပေး.. ခု ချ ပေးလို့.. အိုး” ထင့် ကိုယ်လုံးလေးကို ဂစ်တာတစ်လက်လို ပွေ့ချီပြီး ကလေးပုခက်လွှဲသလို လွှဲဆော့နေသည့် ကောင်းကင်ယံ။

ထင်လည်း ပြုတ်ကျမှာ ကြောက်ပြီး အတင်း ကုပ်ကပ်ခိုထားရင်း မျက်စိ စုံမှိတ်ကာ အော်မိသည်။ “အာ လွှတ်ဦးဗျ.. သည်လောက် ကုပ်ဖက်ထားမှတော့ ဘယ်လိုလုပ် ချမတုန်း.. လက်မလွှတ်ဘဲ အသေအော်နေ.. ပြဲလိုက်တဲ့ အသံကြီး ရုပ်လေးနဲ့ မလိုက်လိုက်တာ..” ။ သုံးလေးကြိမ် လွှဲဆော့ပြီးတော့ ကောင်းကင်ယံ အားကုန်ပြီ။ ထင့်ကို ဆက်ချီမထားနိုင်တော့။ ထင်ကလည်း အတင်း ကုပ်ဖက်ထားသည်။ “မမ.. လွှတ် ဟ.. သည်မှာ မနိုင်တော့ဘူးဆိုနေ” “လွှတ်တော့ ငါ ပြုတ်ကျမှာပေါ့ဟဲ့ အကောင်စုတ်ရဲ့.. အီးဟီး ခေါင်းတွေ မူးလာပြီ.. အရူးကောင် ဇွတ်ကောင်..” “အာ အာ.. ဟေ့ မျက်စိဖွင့်ဦး ဆိုနေ.. ခုတင်ပေါ် ချပေးမှာလေ.. အော် ဒုက္ခ” “အား” “အိုး” ဝရုန်းသုန်းကား အော်ရင်း ခုတင်ပေါ် ပြုတ်ကျသွားတော့ နှစ်ဦးသား ထပ်လျက်။

ထင့် ကိုယ်လုံး အိအိလေးက ကောင်း ရင်ခွင်အောက်တွင် လှပ်လှပ်တုန်နေသည်။ မောနေသည့် ကောင်း၏ ထွက်သက် ဝင်သက်တို့က ထင့် လည်တိုင်ကို တိုက်ခတ်နေ၏။ ကောင်းကင်ယံ မဖယ်မိ။ ထင်လည်း မတွန်းထုတ်မိ။ အတွေ့၏ အငွေ့က ဆွဲဆောင်အား ကြီးလွန်းသည်။ ကောင်း တစ်ယောက် ထင့် လည်တိုင်ကို တရှိုက်မက်မက် စုပ်နမ်းမိတော့၏။ အောက်ကို နည်းနည်း လျှောချလိုက်တော့ ညဝတ်အင်္ကျီ ပါးပါးလေး အောက်က ရင်စိုင် နှစ်မြွှာ။ မြန်မာ အင်္ကျီနှင့် ဘော်လီ ပုံကျကျသာ ဝတ်လေ့ရှိသည် ထင်က အိမ်နေရင်း ဆိုလျင် အသားပျော့ပျော့ ဘရာလေးသာ ဝတ်ထားတတ်သည်။ ဒူးဖုံးရုံ ညဝတ် ဂါဝန်လေးကလည်း ကောင်း ဆွဲပွေ့လိုက်ကတည်းက ပေါင်လည်ထိ တက်ပြီး ကပိုကယို ဖြစ်နေနှင့်ပြီ။

ထင့် ညဝတ်စုံ ရှေ့ကွဲအင်္ကျီလေး၏ ကြယ်သီးတို့က ကောင်းလက်ထဲတွင် တစ်လုံးပြီးတစ်လုံး ပြုတ်ကုန်၏။ ဗလာဖြစ်သွားသော ရင်မြွှာတို့အပေါ်တွင် ဘရာနွမ်းနွမ်းလေးသာ ကျန်တော့သည်။ ကျောအောက်ထဲ လက်လျိုပြီး ချိတ်ဖြုတ်ရန် ကြံရွယ်နေသည့် ကောင်း တစ်ယောက် အနမ်းတို့လည်း တစ်ချက်မှ မလျော့။ ရမ္မက်မြစ်ထဲ မျောဝင်သွားသည့် ထင်လည်း ကျောလေး ကော့ကာ အလိုက်သိပေးလိုက်မိသည်။ ထောက်ခနဲ ပြုတ်သွားသည့် ဘရာချိတ်ကလေး။ ပခုံးကြိုးကိုပါ ဆွဲချလိုက်သည့် ကောင်းကင်ယံ။ အိခနဲ ပြိုကျလာသည့် ရင်စိုင်မို့မို့တို့မှာ လွတ်လပ်ရေး ကြာကြာ မရလိုက်။ စိုစွတ်သော နှုတ်ခမ်းတို့၏ စုပ်ယူစားသုံးမှုအောက်တွင် တစ်လှည့်စီ တစ်လှည့်စီ။ ပြွတ် ပြွတ် ပြွတ် ပြွတ် “အင်း ရှီး..” ကောင်း အနမ်းတို့ နယ်ချဲ့လာပြီ။ ကပိုကယို ဖြစ်နေသည့် ဂါဝန်လေးကို ပခုံးမှ ဆွဲချကာ အပြီး ချွတ်လိုက်၏။

ထင် မငြင်းမိ။ ငြင်းရန် ဆန္ဒလည်း မရှိ။ လွတ်လပ်သူ နှစ်ဦးကြားက အချစ်ကြောင့် ဖြစ်သော ရမ္မက်သည် ငြင်းဆန်ရန် မလိုသည့် အနုပညာတစ်ရပ်သာ ဖြစ်လေသည်။ ဗလာကျင်းသွားသော ကိုယ်လုံးလေးတွင် ပင်တီလေး တစ်ထည်သာ ကျန်တော့၏။ မကြာပါ ကျင်လည်စွာ ဆွဲချွတ်လိုက်သော ကောင်း လက်ထဲ ပင်တီလေး ပါသွားရပြန်ပြီ။ ဆီးခုံမို့မို့ကို လက်ဖြင့် ဖွဖွ သပ်ရင်း ထင့်ကို မော့ကြည့်သည်။ နှုတ်ခမ်းလေး ကိုက်ထားသည့် ထင့် မျက်နှာလေး။ ကောင်း တစ်ယောက် ဘာမှ မပြောတော့ဘဲ ရွှေကျုတ်လေးကို ငုံ့ကာ နမ်းတော့သည်။ ထင့် ထံမှ အို့ ဟူသော အသံ တိုးတိုးလေး ထွက်လာ၏။ ချစ်ဝတ်ရည် စိုလူးစပြုနေသည့် တွင်းကလေးထဲ လျှာထိုးထည့်ပြီး လျက်လိုက် စုပ်လိုက် လုပ်ပေးလိုက်သည်။

“အ အာ ရှီး တော် ပြီ ကောင်း.. တော်တော့ နော်” အသံလေးက တိုးတိုးလေး။ ကုန်းထလိုက်သည့် ကောင်းကင်ယံ၊ ရှပ်အင်္ကျီကြယ်သီးများက ဘယ်အချိန်က ပြုတ်နေသည်မသိ။ အင်္ကျီချွတ်လိုက်ပြီး အောက်က ဘောင်းဘီကိုပါ ဆွဲချွတ်လိုက်တော့ ………. ။ အိုး ထင့်ရင်တွေ ခုန်လိုက်သည့် ဖြစ်ချင်း။ “ကောင်း.. နမ်းချင်တယ်” “ဘာကိုတုန်း” “အဲ့ဟာ” လက်ညိုးလေး ထိုးပြတော့ ကောင်းက ဟက်ခနဲရယ်သည်။ ထင့်နှုတ်က ဘာဆိုတာ ဖွင့်ပြော စေချင်သော်လည်း ရှက်နေရှာသည့် အပျိုကြီးမမကို အကြပ်ရိုက်အောင် မညှင်းဆဲလို။ မျက်နှာပေါ် ခွပေးလိုက်တော့ တယမ်းယမ်းထနေသည့် ထိုအရာကို လက်လေးနှစ်ဘက်နှင့် တယုတယကိုင်ကာ မျက်လုံး အပြူးသားနှင့် ကြည့်နေသည်။

အမွေးထူထူများကို လက်ကလေးနှင့် သပ်ပေးနေပုံက ကလေးငယ်ခေါင်းမှ ဆံပင်ကို သပ်ပေးနေသည့် မိခင်တစ်ဦးလို။ ပြီးတော့ အတံကြီးကို ပါးနှင့် ပွတ်ပြီး တရှုံ့ရှုံ့နမ်းသည်။ ချစ်စနိုးဆန်လွန်းနေသည့် ထင့် အပြုအမူက ကောင်းအတွက် ကမောက်ကမနိုင်လှ၏။ ရှီး …. သည်အပျိုကြီးနှယ် ခက်တော့နေပြီ။ ပါးစပ်ထဲ ထိုးထည့်ပြီး ဆောင့်သွင်းလိုက်ချင်စိတ်ကို မနည်း အောင့်ထားနေရသည်။ စိတ်ရှိလက်ရှိ ပွတ်သပ် နမ်းရှုံ့ပြီးတော့ မာတောင့်တင်းနေသည့် အတံကြီးကို မျက်နှာပေါ် တင်ပြီး ပြောပုံက ကိုးလိုးကန့်လန့် “ကောင်း.. မပြန်တော့ဘူးမလား.. အိပ်ရအောင် နော်” “အာ.. အိပ်စရာလား.. မမကို လိုးဦးမှာ” “အိုး..” “မအိုးနဲ့.. ဟပေး ပါးစပ်..” တည့်တည့်ကြီး ပြောချလိုက်တော့လည်း ဟ ပေးရှာသည်။

ရှက်သွေးတို့ဖြင့် နီရဲနေသည့် ပါးပြင်လေးကို ဖွဖွ ပွတ်ရင်း ပါးစပ်ထဲ ထိပ်ဖူး ထိုးထည့်လိုက်တော့ ပြွတ်ခနဲမည်အောင် စုပ်ပေးသည်။ သည်လို ကျတော့လည်း ဟုတ်သား။ ကောင်း တစ်ယောက် ဆာလောင်လှပြီမို့ ထင့် လျှာဖျားတွင် ကြာကြာ ဇိမ်မခံဖြစ်။ ပေါင်နှစ်ချောင်းကြား နေရာယူပြီး စိုဟဟ အဝလေးကို ထိပ်ဖူး တေ့လိုက်တော့ “ဖြည်းဖြည်းနော်” လို့ တိုးတိုးလေး ပြောပြန်သည်။ မိမိအား အော်လိုက် ငေါက်လိုက် ထိပ်ခေါက်လိုက်နှင့် အပေါက်ဆိုး မမတစ်ယောက် ကြောက်နေပုံလေး ကြည့်ပြီး ကောင်း အသည်းတွေ ယားလာသည်။ နာသွားမှာလည်း စိုးသေးတော့ အတင်း ထိုးထည့်လိုက်ချင်စိတ်ကို အောင့်ထားပြီး တွင်းဝလေးကို ထိပ်ဖူးနှင့် ထက်အောက် ဆွဲ ဆော့ရင်း နှုးနှပ်ပေးလိုက်၏။

ထင့် ထံမှ အသက်ရှူသံ ပြင်းပြင်းနှင့် တွင်းကလေးလည်း အိစိုလာသည်။ “ရှီး …. ထည့်တော့လေ” ပြောရင်း ထောက်ထားသည့် မိမိလက်ကို ဖတ်ခနဲ ရိုက်လိုက်သေးသည်။ သူကပဲ စိတ်မရှည် ဖြစ်ရသေး …. တွေးရင်း ကောင်း တစ်ယောက် ရယ်လည်း ရယ်ချင်။ သည်အမျိုးသမီးကို ချစ်လွန်း အသည်းယားလွန်းသည့်စိတ်ကို ထိန်းမရတော့။ အဝတည့်တည့် ခေါင်းတည်ပြီး အင့်ခနဲ စိုက်သွင်းလိုက်တော့ “အားးး အောင့်တယ်..” “အွန့် .. ပြွတ် ပြွတ် .. မ ရပြီဆိုမှ ဆက်လုပ်မယ်နော်.. ဖက်ထား” ပြောပြီး လည်တိုင်နှင့် ပါးပြင်ကို လျက်လိုက် စုပ်လိုက် လုပ်ပေးသည်။ ရင်စိုင်မို့မို့နှစ်ဘက်ကို ဖွဖွ ပွတ်သပ်ပြီး သီးလုံးလေးများကို တလှည့်စီ စို့ပေးသည်။ အောက်မှာ တဆုံး ထိုးစိုက်ထားသည့် ထိုအရာကိုတော့ ကြွက်သားအားဖြင့် လှုပ်သည် ဆိုရုံကလေး။

ကောင်း အပြုမူက ထင့်အား အချစ်စိတ်တွေ ယိုဖိတ်လာစေတော့သည်။ မိမိ နာသွားမှန်း သိလို့ ငြိမ်ပြီး ချော့ပေးတာလေး။ နေရာတကာ စိတ်မြန်လက်မြန်နှင့် ဒေါသထွက်လာလျင် ဘာကိုမှ မမြင်တော့အောင် ဇွတ်တရွတ် ဆန်လွန်းလှသော သည်အမျိုးသားလေးတွင် ခုလို ကြင်နာညှာတာစိတ်လည်း ရှိပါသေးလား ဟူသည့် ခံစားချက်က ထင့် နှလုံးသားတွင် အဆုံးမဲ့သော ချစ်ခြင်းတို့ကို ပေါက်ပွား စေခဲ့တော့သည်။ “ရ ပြီ.. လုပ်” “အွန့်..” “ရှီး..” “ကျွန်တော့်ကို ကြည့်.. မ ကျွန်တော့်မျက်လုံးကို ကြည့် သေချာ..” “အင်း..” သူပြောသလို ကြည့်လိုက်မိခါမှ ရမ္မက်၏ အရသာက နင့်ခနဲ။ အို့ အို ထူးဆန်းလှပါလား။ လုပ်ငန်းပြိုင် ကုမ္ပဏီ နှစ်ခု၏ တာဝန်ရှိသူ အသီးသီး အနေနှင့် ဆုံခဲ့သည့် အမျိုးသားလေး။

ထင့်ရုံးခန်းသို့ ဒေါနှင့်မောနှင့် ရောက်ချလာသည့် ကောင်ကလေး။ သည်ကောင်လေးက အခု ထင့် ကိုယ်ပေါ်မှာ အုပ်မိုးလျက်။ လင်းယုန်ငှက် တစ်ကောင်လို စူးရဲသော မျက်လုံးများ။ ထင့် ပခုံးကို ဆုပ်ကိုင် ချုပ်ထားသည့် လက်တစ်ဘက်။ ကျန်တစ်ဘက်က ထောင်ကားထားသည့် ထင့် ဒူးအောက် ချိတ်လျှိုပြီး လက်ချောင်းချင်း မြဲမြဲဆုပ်ထားသည်။ ခါး တစ်ချက် ကော့ပြီး ဆောင့်သွင်းလိုက်တိုင်း ထင့် ကိုယ်ထဲမှာ နင့်ခနဲ နင့်ခနဲ “သေချာကြည့်.. ကျွန်တော် မ ကို လိုးနေတာ.. အင့် အ..” “အိုး မောင်.. မောင်ရယ်..” “မ ချစ်တယ်ကွာ အရမ်း..” “အင်း..” “ခင်ဗျားကြီး ရှီး.. ချစ်ဖို့ကောင်းလွန်းတယ်..” “အ တမျိုးကြီးပဲ.. မရပ်နဲ့.. တအား..” “အင်း အွန့် အင့်..” ရမ္မက်၏ ရိုက်ချက်တွင် လူနှစ်ဦးသားတို့ သွေးသားများ မီးတောက်မတတ် လောင်မြိုက်ပြီးနောက်။

“ဖယ်တော့လေ..” “ချစ်လား ပြော..” “အိုး ဒီအခြေနေရောက်မှများ..” “ပြောကွာ မ.. မပြောရင် ထပ် လိုးမှာ..” “အ ရှီး.. တော်နော် ဇွတ်ကောင်.. နာတယ်ဟဲ့..” “နာ နာ.. ဘာ ဇွတ်ကောင်.. မောင် ဆို..” “ဘာမှ မမောင်ဘူး.. ထ ဆို စပ်နေပြီ.. တအား လုပ်ထားပြီး..” “တအား ဘာလုပ်တာ..” “မောင် နော်.. ရွ မနေနဲ့.. ပါးပိတ်ရိုက်ပလိုက်မယ်..” “ဟားဟား.. မောင် ခေါ်ပြီး ပါးပိတ်ရိုက်မယ်တဲ့.. ခင်ဗျားကြီးဟာလေ ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် တကယ်.. ထ ထ ရေဆေးပေးမယ် လာ..” “မောင်..” “ဗျ.. မ ခဏ.. အလုပ်ရှိနေလို့.. ပြန်ဆက်လိုက်မယ် နော့..” ပြောလည်းပြော ဖုန်းချသွားသည့် ကောင်း ကြောင့် ထင့် သံသယစိတ်တို့ ပိုမိုခိုင်မာလာသည်။ လက်ထဲတွင် ကိုင်ထားသည့် တဘ်လေးအား စုန်ဆန်ဆွဲရင်း ကောင်းနှင့် ပတ်သက်ဖူးသမျှ ကောင်မလေးတွေ၏ အကောင့်တိုင်းကို အသေးစိပ် ကြည့်နေမိ၏။

တကယ်တော့ ဒါတွေက ပြီးပြီးသား ကိစ္စတွေ။ ကောင်းက ထင်နှင့် သည်အခြေနေ မရောက်ခင်ကတည်းက သူ့ရှိသမျှ အကြောင်းကုန် ပေးသိ ပြောပြထားသည်။ ထင်ကိုယ်တိုင်ပင် ကောင်းကို ငပွေ ငရှုပ်လေးဟု ဆိုကာ ကြိမ်ဖန်များစွာ မြည်တွန် တောက်တီးဖူးသည်။ ဆူဆဲ ငေါက်ငမ်းဖူးသည်။ မိမိနှင့် အဆုံးစွန်ထိ ချစ်ပြီးနောက် ဘယ်မိန်းကလေးနှင့်မှ ထပ်မပတ်သက်တော့ကြောင်း ကတိလည်း ပေးထားသည်။ သို့သော် ထင့်စိတ်က မကျေနပ်နိုင်။ သည်အမျိုးသားလေးကို တစ်ရက်ထက် တစ်ရက် ပိုချစ်လာမိသလို သဝန်တို အူတို စိတ်ကလည်း တစ်နေ့တခြား ဆိုးလာခဲ့သည်။ နောက်ဆုံး သူ အလုပ်များတာ သိပါလျက်၊ သူ့အလုပ်သဘာဝကိုလည်း ကောင်းကောင်းကြီး သိပါလျက် အလုပ်ရှိနေတယ် ဆိုသော စကားကိုပင် မယုံချင်ချင် ဖြစ်လာသည်အထိ စိတ္တဇဆန်လာခဲ့သည်။

ညနေ ကောင်း ရောက်လာတော့ “ရှင်း.. အဲ့ကိစ္စ..” “ပြ.. အာ.. ဘာများလဲလို့.. မောင်နဲ့ မဆိုင်တော့ဘူးဆိုနေ.. မ ကွာ..” “သူ တင်နေတာ နင့်အကြောင်းတွေလေ မောင်ရဲ့..” 1 496 07:22 “ဟား.. မဟုတ်ဘူးဆိုနေ.. မယုံ သွားမေးမလား..” “မေးစရာလား.. ကလေးကလား..” “ခုရော ဘာထူးတုန်း.. ကလေးကလား အရစ်တုံး.. သွားမေးမယ် ဆိုတော့လည်း မဟုတ်.. ပဝေသနီက ကိစ္စတွေ ဖော်ဖော်ပြီး ရစ်ကောင်းတိုင်း စွတ်ရစ်နေ..” “ရစ်မှာပဲ.. နင်ဘာလို့ ရှုပ်ခဲ့ပွေခဲ့လဲ..” “မ ကွာ.. ရှုပ်တယ် ပြောရမယ့် အဆင့်ကို မရောက်ခဲ့ဘူးဆိုနေ.. လာကွာ မောလာတယ် ချိုချိုတိုက်.. သနပ်ခါးလည်း လူးမထားဘူး..” “မထိနဲ့ ငါ့ အသား.. ဖယ်” “မ ! .. ” “ဘာလဲ..” “ဟား..” “သွား.. ပြန်တော့..” “မပြန်တော့ ဘာလုပ်ချင်.. လာလာ.. စွာနေတဲ့ အဲ့ ပါးစပ်ကြီး.. လာခဲ့.. အွမ့် ပြွတ်စ်..” တွန်းထိုးဖယ်ထုတ်နေသည့် လက်နှစ်ဘက်ကို ဖမ်းချုပ်ပြီး အတင်းဖိနမ်းပစ်သည်။

ထင် တစ်ယောက် ဒေါသထွက်သော်လည်း ရုန်းနိုင်သည့်အားတော့ မရှိခဲ့။ သည်လိုနှင့် ကောင်း ဆွဲပွေ့ရာနောက် ဆွေ့ခနဲ ပါသွားပြီး ခုတင်ပေါ် အပုံလိုက်လေး ပစ်ချခံလိုက်ရပြန်သည်။ ထင့်နှုတ်ခမ်းတွေကို စုပ်နမ်း မပျက်ဘဲ ပေါင်ကြားမှ ရွှေကျုတ်လေးကို ကိုင်ဆုပ် ညှစ်လိုက်သည်။ ထင်လည်း ကောင်းကျောပြင်ကို ထုရိုက်ပြီး အတင်းရုန်းသည်။ ကောင်းတစ်ယောက် တကယ် ဒေါသထွက်လာ၏။ မိမိအား တွန်းထိုး ကန်ကျောက်နေသည့် ထင့် တင်ပါးကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။ ရုတ်တရက် လန့်သွားသည့် ထင်၊ မျက်လုံးလေး ပြူးပြီး ငြိမ်သွား၏။ ပေါင်တစ်ဘက်ကို ဆွဲကားလိုက်ပြီး တွင်းလေးထဲ လက်ထိုးထည့်ကာ ခပ်ကြမ်းကြမ်း မွှေပစ်လိုက်သည်။ မကြမ်းစဖူး ကြမ်းတမ်းနေသည့် ကောင်းကို ကြည့်ပြီး ထင် လန့်သွားသည်။

မိမိက ရစ်သာ ရစ်ချင်တာ အချော့ခံရလျင် ပြေမယ့်သူ။ ခုတော့ “ပါးစပ် ဟ..” အမိန့်ဆန်ဆန် လေသံနှင့် စကားအဆုံး မျက်နှာတည့်တည့် ရောက်လာသည့် ပန်းရောင် ကြွက်သားချောင်းကြီး။ ထင် မငြင်းလိုက်မိ။ ဟ ပေးလိုက်သော ပါးစပ်ထဲ အချောင်းကြီးက တဆုံး စိုက်ဝင်လာသည်။ “အု အွတ် ဟင်အင်း..” နှစ်ချက် သုံးချက်လောက် အဆောင့်ခံလိုက်ရတော့မှ သတိဝင်လာပြီး ငြင်းလိုက်၏။ ကောင်းက ရပ်မပေး “ငြိမ်ငြိမ်နေ..” ဆိုပြီး ထင့်လည်ကုတ်ကို ဆုပ်ကိုင်ကာ ဆက်ဆောင့်သည်။ လည်ချောင်းဝထိ တိုးဝင်လာသည့် အတံကြီး၏ ဒဏ်ကိုရော ဆောင့်ချက်များကိုပါ ထင် မခံနိုင်တော့။ လုပ်ရက်လေချင်း ဆိုသည့် အတွေး ဝင်လာပြီး ဝမ်းနည်း မျက်ရည်လည်လာမိတော့သည်။ သည်တော့မှ ကောင်းက ထင့် မျက်နှာပေါ်မှ ဖယ်ပေးပြီး ပေါင်ကြားတွင် မျက်နှာအပ်ကာ ရွှေကျုတ်လေးကို နမ်းပေးဖို့ ပြင်သည်။

“ဟင့်အင်း.. ဖယ်.. ဖယ်ပေး..” ထင် ထပ်ငြင်းပြန်တော့ “မ ကွာ..” ဆိုပြီး အနားက ခေါင်းအုံးကို လှမ်းယူကာ ခါးအောက် ခုပေးဖို့ ပြင်လိုက်ချိန်။ ဝုန်းး “ဟာ.. မ.. ခင်ဗျား..” အတင်း ကုန်းထပြီး အားကုန်သုံး၍ တွန်းချလိုက်သဖြင့် ကောင်း တစ်ယောက် ခုတင်ဘေးသို့ ဖင်ထိုင်လျက် ကျသွားတော့သည်။ ကောင်းကင်ယံ ခုမှ တကယ်ကြီး စိတ်တိုသွားသလို ထင်လည်း လန့်သွားသည်။ လက်သီးကျစ်ကျစ်ဆုပ်ပြီး ဝုန်းခနဲ ထရပ်လိုက်သည့် ကောင်းကို အလန့်တကြား မော့ကြည့်ရင်း အိပ်ရာခင်းကို ယောင်ရမ်းဆုပ်ကိုင်ကာ “ချစ်လို့ လုပ်တာနဲ့ မတူတော့ဘူးလေ” ဟု ပြောလိုက်၏။ ကောင်းကင်ယံ တောက် တစ်ချက်ခေါက်ပြီး လှည့်ထွက်သွားတော့သည်။ ထင်လည်း ခေါင်းအုံးပေါ် မျက်နှာ မှောက်ကာ ငိုချလိုက်တော့၏။

ထင့် အာရုံထဲ အလိုက်မသိစွာ နေရာယူလာတာက နူးညံ့သော ချစ်ခြင်းဖြင့် ပွတ်သပ်ချော့မြှူခဲ့သော ညတွေ။ တရှုံ့ရှုံ့ ရှိုက်ငိုရင်း ဘယ်အချိန် အိပ်ပျော်သွားသည် မသိလိုက်။ မနက် (၆) နာရီ အလန်းမြည်မှ နိုးလာတော့ အရင်ဆုံး ကြည့်မိတာ ဖုန်းထဲက မက်ဆေ့။ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ပြီးမှ ရုံးသွားလေ့ရှိသည့် ကောင်းက ထင့်ထက် အိပ်ရာထ စောသူ။ ချစ်သူတွေ ဖြစ်သည့်နေ့မှ စ၍ တစ်ရက် မပျက် ပို့ထားတတ်သည့် မက်ဆေ့လေးက သည်မနက်လည်း ဝတ္တရား မပျက် ရောက်နေဆဲ။ သို့သော် စာသားက ခါတိုင်းလို “မ ထတော့နော် အာမွ” မဟုတ်ဘဲ “မောနီး မထင်သစ္စာ” တဲ့။ “ကောင်းကင်ယံ..” “ဘာလဲ..” “ဘာ ဘာလဲ လဲ..” “ခေါ်တဲ့ပုံစံနဲ့ လိုက်အောင် ထူးတာ ဘာဖြစ်လဲ..” “ငါ တကယ် ဒေါသ ထွက်လာပြီနော် မောင်..” ။

“ခင်ဗျား တစ်ယောက်တည်း စိတ်ရှိတယ် ထင်နေလား..” “ဘာလုပ်တာလဲ မနေ့ညက အချိုးက.. ဘာလို့ ငါ့ကို တောက်ခေါက်တာ.. ဘာလို့ မပြောမဆို ပြန်သွားတာ..” “စိတ်တိုလို့ တောက်ခေါက်တာလေ.. ခင်ဗျား ကျုပ်ကို ကန်ချတာ ကျတော့ရော.. တခြားသူသာဆို ဆွဲထိုးပစ်ပြီ.. ချစ်လို့ လုပ်တာနဲ့ မတူတော့ဘူး ဆိုလို့ ပြန်တယ်.. ဘာဖြစ်တုန်း ပြန်တော့..” “ကြည့်စမ်း ကြည့်စမ်း.. အရိုင်းစိုင်းကောင်.. အရူးကောင်.. နင် အဲ့လို လုပ်ချင်တိုင်း လုပ်ပြီး ဖြစ်သလို ထားပစ်ခဲ့ရအောင် ငါက ဖာသည်လား..” “ကျုပ်ကရော ဖာခေါင်းလား.. ခင်ဗျား ကန်ချရအောင် ကျုပ်က ဖာခေါင်းလား.. ဆက်နေနေရင် ပိုကြမ်းမိမယ်..။

ပိုဆိုးကုန်မစိုးလို့ ထွက်သွားပေးတာ.. တစ်ညလုံး အိပ်မရဘူး အောင့်နေလို့.. ယောက်ျား တစ်ယောက် ဒုက္ခ ပြောလည်း ခင်ဗျား နားလည်မှာမှ မဟုတ်ဘဲ..” “အဲ့ဒါဆိုလည်း ပြီးအောင် လုပ်ပေါ့ဟဲ့ အကောင်စုတ်ရဲ့..” “ချစ်လို့လုပ်တာနဲ့ မတူတော့ဘူးဆို.. ခင်ဗျား မကြိုက်မှန်း သိမှတော့ ကျုပ်က ဘယ်လိုစိတ်နဲ့ ဆက်လုပ်မတုန်း..” “ပြီးအောင် လုပ်ပြီးမှ မ ရေ ဒါက သည်လို ဆိုပြီး ရှင်းပြလို့ မရဘူးလား.. ငါ စိတ်ဆိုးလည်း ပြန်ချော့ပေါ့.. မကြိုက်ဘူး ဆိုတာနဲ့ပဲ ပစ္စလက်ခတ် ထ ထွက်သွားရအောင် ငါက .. .. ငါ က .. အီး ဟီး.. .. အီးဟီးဟီး..” ဖုန်းထဲမှနေ၍ ကလေးကြီး တစ်ယောက်လို ခြုံးပွဲချ ငိုပစ်လိုက်မိသည်။

ကောင်းဘက်က ခေတ္တ တိတ်ဆိတ် သွားပြီးမှ “မငိုနဲ့ကွာ မ..” ဟူသော အသံလေး ကြားလိုက်ရ၏။ ထင် ကျေနပ်သွားမိသည်။ ကြားမဝသော ထိုစကားလေးကို ထပ်ရဖို့အရေး တအီးအီး ထပ်ငိုပြန်၏။ “အာ ဟေ့.. တိတ်ဆိုကွာ မ ရာ.. ခေါင်းကိုက်နေမယ်.. မငိုနဲ့တော့ ညနေ မောင်လာခဲ့မယ် နော်.. တိတ် တိတ်”။ မိန်းမတစ်ယောက် ဘယ်လောက် ထက်ထက်၊ ဘယ်လောက် တော်တော်၊ အသက် ဘယ်လောက် ကြီးကြီး ချစ်သူရှေ့ ရောက်လျင် ပီဘိကလေးပဲ ဆိုတာ ထင့် အဖြစ်က သက်သေ။ သည်လိုနှင့် ညနေ ရောက်တော့ စားစရာ တစ်ပုံတစ်ပင်နှင့် ကောင်း ရောက်လာသလို ထင်လည်း သနပ်ခါး ရေကျဲလေး လူးထားပြီး စောင့်ကြိုနေဖြစ်သည်။

“မနက်က မက်ဆေ့ကို မကျေနပ်ဘူးနော်။ ဘာလဲ မောနီး မထင်သစ္စာ ဆိုတာ” လို့တော့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။ “အမြင်ကတ်လို့လေ.. ရွဲ့ပြောမှန်း မသိဘူးလား..” “ရွဲ့တယ်ဆိုတာ ယောက်ျားအလုပ်လား..” “အွမ့် မဟုတ်ဘူး.. ယောက်ျားအလုပ်က ဘာဆိုတာ အခု ပြမယ်.. လာခဲ့လာ..” မည်သို့ပင် ရွဲ့ပြောသည် ဆိုစေ၊ စိတ်တိုနေလည်း ဝတ္တရား မပျက်သည့် သည်အမျိုးသားလေး၏ ရင်ခွင်က ထင့်အတွက် ဟန်ဆောင်ပကာသနကင်းသော နားခိုရာ။ သည်လိုနှင့် ချိုမြိန်သော အချစ်ညတစ်ခု ထပ်မံ အသက်ဝင်ခဲ့ပြန်ပါသည်။ ထင့် တစ်ကိုယ်လုံးကို သိမ်းကြုံး၍ ပွေ့ဖက်လိုက်သည်။ ထင် မှုတ်ထုတ်လိုက်သည့် သက်ပြင်းရှည် တစ်ချက်က ကောင်းကင်ယံ၏ လက်ဝဲဘက်ရင်အုံ တစ်နေရာဆီ လေညင်းတစ်ခုလို ဖြတ်တိုက်သွား၏။

ဘာစကားတစ်ခွန်းမှ ပြောရန် မလိုတော့သည့် သင်္ကေတ။ လုပ်ငန်းကြီး တစ်ခုကို အောင်မြင်အောင် ဦးဆောင်ရင်း၊ လူပေါင်းစုံနှင့် သင့်တင့်အောင် ဆက်ဆံရင်း နှလုံးသားရေးနှင့် ပတ်သက်လျင်တော့ ငြိမ်းချမ်းသော ရင်ခွင်တစ်ခုကိုသာ အလိုရှိသည့် မိန်းမသားတစ်ဦး။ ချစ်ရသူ ရင်ခွင်ထဲ တိုးဝင်ရင်း လှိုက်တက်လာသည့် မျက်ရည်ကြည်တို့က ကြည်နူးခြင်းကြောင့် ဖြစ်ပါလိမ့်မည်။ ညသည် တိတ်ဆိတ်နေဆဲ၊ ပြာလဲ့လဲ့ လရောင်သည်အေးမြနေဆဲ၊ မြတ်နိုးစွာ ခိုဝင်လိုသည့် ရင်ခွင်ကျယ်ကြီးလည်း နွေးနေဆဲ။ “မောင် နမ်းရမလား မ.. ဟွမ်..” တိုးသက်လှိုက်ဖိုသော ခွင့်တောင်းစကားကို ဆိုလိုက်သော်လည်း တကယ်တမ်း ဒီမေးခွန်းနှင့် ထင့် နှုတ်ခမ်းအကြားတွင် ဆံခြည်တစ်မျှင်စာမျှပင် ခြားမနေ။

ကြည့်မဝနိုင်သော ချစ်သူ၏ မျက်နှာကို မော့ငေးရင်း မျက်လုံးလေး မှေးစင်း ပေးလိုက်သည်။ ဖြေးညင်းစွာ ပွင့်အာလာသည့် နှုတ်လွှာ အစုံက ဝတ်ရည်ခြင်း ဖလှယ်ရန် အသင့် အနေအထား။ ချွေးစေးတို့ စို့လျက် အေးစက်စက်ဖြစ်နေသည့် နှဖူးပြင်လေးထက်တွင် သနပ်ခါးက မပြယ့်တပြယ်၊ ဆံစလေးများက ကပိုကယို။ ဆံယဉ်နုနုတို့ကို လက်လေးနှင့် အသာဖယ်ပြီး နွေးထွေးသော နှုတ်ခမ်းတစ်စုံဖြင့် ဖိကပ်၍ ရှိုက်နမ်းလိုက်သည်။ အကြင်နာ အနမ်းရှည်တစ်ခု မဆုံးမီပင် ထင့် တစ်ကိုယ်လုံး လုံခြုံသွားသလို ခံစားလိုက်ရသည်။ ပျောက်ဆုံးနေသည့် အရိပ်တစ်ခု မိမိ နှလုံးသားထံ ပြန်ရောက်လာပြီ။ ပြီးပြည့်စုံသော ကြည်နူးပီတိက ဘာနှင့်မျှ မတူ။ ရင်အစုံက တိမ်စိုင်ထက်တွင် လွင့်နေရသူလို ငြိမ့်ညောင်း သာယာလျက်။

သံစဉ်မညီသော နှလုံးသား စီးချက်တို့ကို ထိန်းညှိဘို့ မနည်း ကြိုးစားနေရ၏။ ရှိန်းမြ ထူပူလာသည့် နှုတ်ခမ်း ဖူးဖူးလေးပေါ်သို့ ကြင်နာသော အနမ်းစိုစို တစ်ချက် ကျ ရောက်လာသည်။ ပြီးနောက်မှ ပါးပြင်နှစ်ဘက်။ နှာဖျားထိပ်ချင်း တို့ထိ ပွတ်သပ်ရင်း ဝင်သက်ထွက်သက်တို့ ပေါင်းစည်း လာကြသည်။ “ချစ် တယ် မ ရယ်..” “မ က ပိုမယ်ထင်ပါတယ်..” နှုတ်ခမ်းနှစ်စုံတို့ စကား မဆက်နိုင်တော့အား။ မွတ်သိပ်သော အနမ်းတို့ဖြင့် တဖန် အလုပ်များ သွားရပြန်သည်။ ထို့နောက် ထင့်ကို ပန်းစည်းလေး တစ်ခုလို တယုတယ ပွေ့ချီလိုက်ပြီး ခုတင်ပေါ် အသာ ချလိုက်သည်။ ဟွန့် .. ကုတင်ပေါ် ရောက်တာကလည်း မြန်လွန်းလိုက်တာ.. တကယ်ဆို ခုလို အကြာကြီး ပွေ့ထား ခံချင်တာ.. ထင်သစ္စာ စိတ်ထဲကပဲ ပြောမိသည်။

ဘာလို့မှန်း မသိ၊ ဒီညလေးကို ခုလို မောင့်ရင်ခွင်တွင် ပွေ့ဖက်ထားလျက်နှင့်ပဲ ကုန်ဆုံးစေချင်သည်။ အေးစက်စက် အိပ်ရာခင်းနှင့် မိမိကျောပြင် တစ်သားတည်း ကျသွားသည့်တိုင် ဖက်တွယ်ထားသည့် လက်များကို မလွှတ်ပေးမိ။ ရင်အုပ်ကျယ်ကြီးထဲ ခေါင်းတိုးပြီး ရှပ်အင်္ကျီ ရင်ဘတ် နေရာကို ကျစ် နေအောင် ဆုပ်ထားလိုက်သည်။ “မလွှတ်တော့ဘူးလား..” “ဟင့်အင်း..” တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည့် ထင့်ကို နှဖူးနှင့် ပါးပြင်နှစ်ဘက်ဆီ ချော့မြူအနမ်းများ အရင် ပေးလိုက်သည်။ မေးစေ့ လုံးလုံးလေးကို ခပ်ဖွဖွ ကိုက်နမ်းလိုက်ပြီး မိမိအား ဖက်ထားသည့် လက်နှစ်ဘက်ကို အသာ ဆွဲဖယ်လိုက်၏။ လက်ကောက်ဝတ် နှစ်ဘက်ကို ပူးကိုင်ပြီး ခေါင်းပေါ် မြှောက်ထားလိုက်၏။

ထင့် မျက်လုံးများကို စိုက်ကြည့်ရင်း ညဝတ်စုံလေး၏ ကြယ်သီးများကို တစ်လုံးချင်း ဖြုတ်ပစ်လိုက်သည်။ ဘရာလေးကိုပါ ဆွဲဖယ်ချလိုက်ပြီး ဖွေးဥနေသော ရင်ညွန့် လေးဆီ အနမ်းနွေးနွေးများ စတင်ပေးလိုက်သည်။ နို့သီးခေါင်းလေး တစ်ဖက်စီကို အသာလေး ငုံကာ တစ်လှည့်စီ စို့တော့ “အင့် .. ဟင့် .. ရှီးး..” ထင့် ကိုယ်လုံးလေး အသာ ကြွတက်လာ၏။ ခေါင်းပေါ် မြှောက်လျက် ပူးကိုင် ခံထားရသော လက်ကလေးများတွင် လက်သီးကျစ်ကျစ် ဆုပ်ထားမိ၏။ နို့သီးဖျားလေးအပေါ် တဖျပ်ဖျပ် ကစားနေသော လျှာ အထိအတွေ့ကြောင့် ထင့် မျက်လုံးလေးတွေ အလိုလို မှေးစင်း သွားရသည်။ ပေါင်တံ သွယ်သွယ် တစ်လျှောက် စုန်ဆန် ကစားစပြုလာသည့် လက်တစ်ဘက်။ ကောင်း၏ ဒူး တစ်ဘက်က ထင့် ခြေနှစ်ချောင်း ကြားကို ရောက်လာပြီ။

ပူးကပ်ထားသည့် ပေါင်နှစ်ဘက်ကြား ထိုးခွဲလိုက်တော့ နည်းနည်းလေး ဟသွားသည်။ ခပ်ဟဟ ဖြစ်သွားသော ပေါင်ကြားလေးက အချစ်ဇောချွေးတို့ဖြင့် အိစက် စိုလူးလျက်။ ကောင်းလက်များက ထင့် ရွှေကျုတ် အကွဲကြောင်းလေးအတိုင်း လက်ချောင်း ထိပ်လေးနှင့် ထက်အောက် စုံဆန်ဆွဲပေးလိုက်၏။ တိုးသဲ့သဲ့ ငြီးသံလေးနှင့် မှေးစင်းလာသော မျက်လုံးလေး၊ ဖြည်းဖြည်းချင်း ဟ ပေးလာသည့် ပေါင်တံလေးက ချစ်ခရီးဆက်ဘို့ အသင့်ဖြစ်ကြောင်း သက်သေ။ ကောင်း လက်ချောင်းတွေက အကွဲကြောင်းလေး နှစ်ဘက်ကို ဖြဲဟ ပြီး မာဆတ်ဆတ် အစိလေးဆီ ဖွဖွ ရောက်လာသည်။ “အိုးးး.. ဟိုး.. ရှီးး..” လူက မျက်လုံးလေးတွေ မှိတ်ကာ အံကြိတ် နေမိသော်လည်း ရွှေကျုတ်လေးမှာတော့ အချစ်ရည်တွေ တော်တော်ရွှဲနေပြီဆိုတာ ထင် ခံစားမိနေသည်။

ကောင်း လက်ချောင်းတွေက အစိလေးကို တစ်ချက်ပြီးတစ်ချက် ခလုတ်တိုက်သလို ပွတ်သပ်နေ၏။ တစ်ချက် ထိလိုက်တိုင်း ထင် တစ်ယောက် ဆတ်ဆတ် တုန်သွားရသည်။ အံကြိတ်ထားသော်လည်း တောင့်တမှုကို အောင့်မထားနိုင်တော့။ ထင့် အခြေနေကို ရိပ်မိသော ကောင်းက ကိုယ်ပေါ် တဖန်ပြန် အုပ်မိုးပြီး နေရာ ယူတော့သည်။ “မ.. မောင့်ကို ကြည့်.. မျက်လုံးတည့်တည့် သေချာကြည့်..” ကောင်း အဲ့လို ပြောလိုက်တိုင်း ထင့် သွေးသားဆန္ဒတွေ ထိုးတက်လာရတတ်သည်။ ရမ္မက်မီး တောက်နေသည့် ကောင်း မျက်ဝန်းများက စူးရဲလွန်းလှ၏။ ထင့် အသွေးအသား အားလုံးကို ဝါးမြိုတော့မည့် ချစ်ရသောသူ။ နှုတ်ခမ်းများဆီ တဖန်ပြန် ကျရောက်လာသည့် အနမ်းစိုစိုတို့က တဖြည်းဖြည်းချင်း ကြမ်းတမ်းလာသည်။

မာမာနွေးနွေး အတံကြီးက ပူးကပ်နေသော ကိုယ်နှစ်ခု ကြားတွင် ညပ်နေ၏။ မိမိ ဗိုက်သားပြင်ထက်မှ ရွစိစိနှင့် ယား တက်လာသည်မှာ ထို အတံ မာမာကြီးကြောင့်လား၊ အတံကြီးအရင်းတွင် ပတ်လည်ဝန်းရံထားသည့် ချုံပုတ်ကြီးကြောင့်လား။ အစာ မျှော်နေသည့် ရွှေကျုတ်လေးက အိစက်ဖောင်းကားနေသည်။ အချစ်ရည်လေးတွေ ပြောင်လက် ရွှန်းစိုပြီး အတံကြီးကို လိုလိုလားလား ဖိတ်ခေါ်နေ၏။ လက်မ လက်ညှိုးတို့နှင့် အသာ ဆွဲဟပြီး အဝတည့်တည့်သို့ ထိပ်ဖျားလေးနှင့် အသာ ထောက်လိုက်သည်။ တူညီသော လိုအပ်ချက်တစ်ခုနှင့် လိင်အင်္ဂါနှစ်ခု အထိအတွေ့တွင် ထင့် ကိုယ်လုံးလေး ဆတ်ခနဲ တွန့်သွား၏။ အတံကြီးမှာ ရွှေကျုတ်လေးထဲ လူးလွန့်လျက်၊ ရွှေကျုတ်လေးကား အတံကြီးကို ပွေ့ဖက် ညှစ်ထွေးလျက် လူနှစ်ဦး၏ ဒေါသ အသီးသီးကြောင့် ဝေးသွားရသည့် တစ်ညတာကို အတိုးချ၍ အလွမ်းသယ်နေသည်။

အဆီးအတားမဲ့သော ချစ်ခြင်းဖြင့် နှောင်ဖွဲ့ ရစ်ပတ်ထားသည့် ကိုယ်နှစ်ခုကား ရမ္မက် လေပြည်တို့ဖြင့် လွှမ်းခြုံ သွားရပြန်သည်။ ဟန်ချက်ညီသော ဆောင့်ချက်များစွာ၏ နောက်တွင် နှစ်ဦးသား၏ အသိတို့ တိမ်စိုင်တွေဆီ လွင့်သွားသည်။ စုစည်းထားသော အားအင် အကုန်လုံး တစ်သားတည်း ပေါင်းစည်းသွား၏။ အချစ်၊ ဘဝ၊ ရမ္မက် အားလုံး ပျော်ဝင်နေသော ကောင်းကင်ယံ၏ အရည်များက ထင့် ရွှေကျုတ်လေး အတွင်းသို့ အားအင် အပြည့်နှင့် တစ်ချက်ချင်း တစ်ချက်ချင်း ။ ကိစ္စပြီးသွားတော့ ကောင်းတစ်ယောက် ထင့် ကိုယ်ပေါ် မှောက်လျက်သား အိပ်လိုက်သည်။ နှစ်ဦးသား၏ ရင်အစုံက တဒိန်းဒိန်း တုန်ခါနေဆဲ။ ချွေးသီးလေးတွေ စို့နေသော ထင့် မျက်နှာလေးက ရမ္မက်ခရီးပန်းကြောင့် မောဟိုက် နွမ်းနယ် နေသော်လည်း မျက်လုံးလေးများကမူ ကြင်လင်စွာ ပြုံးလျက်။

တစ်ယောက်ကို တစ်ယောက် ကြည်နှုးစွာ စိုက်ကြည့်မိကြသည်။ အပြန်အလှန် ဆုပ်ကိုင်ထားသည့် လက်ချောင်းလေးများ ကတော့ တွဲလျက်သား ရှိနေဆဲ။ နှုတ်ခမ်းချင်း အနမ်းများ ဖလှယ်ရင်း လက်များကို ပိုမို တင်းကြပ်အောင် ဆုပ်ကိုင် လိုက်ကြသည်မှာ ကြိုတင် တိုင်ပင်ထားသည့်အလား။ မောင်ရေ.. တို့ လက်တွေ ဘယ်တော့မှ မဖြုတ်ကြေး.. ဘာ အကြောင်းနဲ့မှ မဖြုတ်ကြေး.. ဟိုး အဝေးကြီးကို အတူတူ သွားရအောင်.. တို့ နှစ်ယောက် အတူ သွားရအောင်.. သံသရာ အဆုံးထိ.. တို့ နှစ်ယောက်လုံးရဲ့ နောက်ဆုံး အချိန်အထိ.. တို့ နှစ်ယောက် အတူတူ.. ထင့်ခေါင်းထဲ ဝင်လာသည့် တိမ်လိုလို လေလိုလို အတွေး လေပြည်တစ်ခု။

ထိုအတွေး လေပြည်သည်ကား ပြီးခဲ့သော မုန်တိုင်း၏ အလွန်မှ လေပြည်လား၊ နောင်လာမည့် မုန်တိုင်းကြီး၏ ရှေ့ပြေး လေပြည်လား ဆိုတာတော့ ကောင်းရော ထင်ပါ မသိခဲ့ချေ။ခြောက်လခန့်ကြာသော်။ “လက်ထပ်ကြစို့လို့ ပြောတာ ဘာမှားလို့လဲ မ.. ချစ်ကြတဲ့ သူတိုင်းအတွက် ပန်းတိုင်က လက်ထပ်ခြင်းလေ.. မဟုတ်ဘူးလား” “လိုမှ မလိုပဲ.. ခုတိုင်းက ဘာဖြစ်နေလို့တုန်း..” “မိသားစုဘဝလေး လိုချင်တယ်လေ.. မောင့်ဖို့ မ နဲ့ တူတဲ့ သမီးလေး..” “တော်စမ်းပါ.. ရှုပ်ကရှုပ်နဲ့..” “ဘာ.. ဘယ်လို.. ရှုပ်တယ် ဟုတ်လား..” “မ အလုပ်ရှိသေးတယ် မောင်ရာ.. ချိန်းထားတဲ့ဆီ သွားဖို့ ပြင်ဆင်ရမယ်.. ပြန်တော့.. နော်..” “ကရင်နှစ်သစ်ကူးနေ့.. မြန်မာတစ်ပြည်လုံး ရုံးပိတ်တာတောင် ခင်ဗျားက မနားဘူးလား..”။

“အဆန်းလား မောင်ရယ်.. မမှာ ဘယ်တုန်းက ပိတ်ရက်ရှိလို့တုန်း..” “အဲ့ဒါကြောင့်ပဲ လက်ထပ်ကြဖို့ ပြောတာ.. အလုပ်တွေ အကုန်ရပ်.. မောင့်မိန်းမပဲလုပ်ကွာ.. နော့..” “သနပ်ခါးလူး၊ ဟင်းချက်၊ အိမ်ရှင်း၊ ကလေးမွေး.. အိုး စိတ်အကုန်ဆုံး အလုပ်တွေချည့်ပဲ.. ကဲပါ မောင်ရာ နောက်မှ ဆက်ပြော.. မ ရေချိုးရတော့မယ်.. ထပြီ.. ပြန်အိပ်ချင်လည်း အိပ်နေ.. ပြန်မှာဆိုလည်း တံခါး ပိတ်သွား.. နော်..” “ခင်ဗျားဗျာ.. ဟူးးးး.. ပြန်ရောက်ရင် ဖုန်းဆက်နော်..” “အွမ်း အွမ်း..” ထထွက်သွားသော ချစ်သူ့ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချမိသည်။ ထပ်မံ အငြင်းပွား မနေချင်တော့တာကြောင့် ရေချိုးပြီးသည်ထိ မစောင့်တော့ဘဲ ပြန်လာခဲ့လိုက်၏။

နှစ်ဦးသား အားလပ်ချိန်ချင်း ဆုံဖို့ မိမိဘက်ကချည့် ညှိရပေါင်း မနည်း။ ယောက်ျားတစ်ယောက်ထက်ပင် အလုပ် များလွန်းသော သည်အမျိုးသမီးကို တစ်ခါတစ်လေတော့လည်း တကယ် စိတ်တိုရသည်။ လက်ထပ်ကြဖို့ ပြောတိုင်း စကားစ ဖြတ်ပစ်တာ အဆိုးဆုံး။ သည်လိုနှင့် အိမ်ပြန်ရောက်၊ လုပ်စရာရှိတာ နည်းနည်းပါးပါး လုပ်ပြီး ညနေ မှောင်ရီပျိုးသည်အထိ သူမ ထံမှ ဖုန်းဝင်မလာ။ နောက်ဆုံး မနေနိုင်သော မိမိကပဲ ဆက်ရ၏။ “မ.. ပြန်မရောက်သေးဘူးလားကွာ..” “ကြာပေါ့..” “ဘာ.. ဘာလို့ ဖုန်းမဆက်တာ..” “အလုပ် မပြတ်သေးတာ မောင်ရဲ့.. ခုလည်း လုပ်နေတုန်း.. ခဏ..” ဆိုပြီး ဖုန်းပြန်ချသွား၏။

“ဟား ရှစ်ထ်..” ကောင်းကင်ယံ အရမ်း ဒေါသထွက်သွားပြီ။ အနားရှိစားပွဲပေါ်မှ မီးအုပ်ဆောင်းကို ခွမ်းခနဲ ပစ်ပေါက်ရိုက်ခွဲ ပစ်လိုက်၏။ ကားသော့ဆွဲပြီး ဆင်းချလာခဲ့လိုက်သည်။ သည်လောက် အလုပ်များလွန်းတဲ့ မိန်းမ၊ စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပြီး ကြိုးတုပ်ထားပစ်လိုက်မည် ဟူသော အတွေးနှင့်။ ထင့် အခန်းဆီ ရောက်တော့ ခါတိုင်းလို ဘဲလ် တီးမနေဘဲ password နှိပ်ပြီး ဖွင့်ဝင်လိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းက Client ဖြစ်ဟန်တူသူ တစ်ဦးဦးနှင့် ဖုန်းပြောနေသည့် ပြုံးရွှင်သော မျက်နှာနှင့် ထင်သစ္စာ၊ ကြားလိုက်ရသည့် အသံက ကြည်သာ နူးညံ့မှု အပြည့်။ ကောင်းကို မြင်သည်အထိ စကားက ချက်ချင်း မပြတ်။

ကောင်းလည်း မတ်တပ်ရပ် ခါးထောက်လျက်ကပဲ ကြည့်နေလိုက်တော့သည်။ ဖုန်းပြောလို့ ပြီးတော့ “မောင် သိလား.. သည်နေ့ သွားခဲ့တဲ့ ကိစ္စတစ်ခုက အဆင်ပြေတာထက်ကို ပိုတယ်.. ဘော့စ်ကလည်း မ ကို ပဲရစ်စ် ရုံးကို ပို့မလား မသိဘူး.. သွားရမယ်ဆို မ အားချင်း စီစဉ်ရမယ်ထင်တယ်.. အပြီး လွှတ်ချင်နေတာလေ.. မ ယာယီပဲလို့တော့ ပြောထားတယ်.. ယာယီ ဆိုပေမဲ့လည်း ၆လ တစ်နှစ်လောက်များ နေပေးရမလား မသိဘူး..” “အဲ့တော့ ဘာဖြစ်တုန်း..” “အယ်.. ပြောပြတာလေဟယ်..” “ပြန်ရောက်ရင် ဖုန်းဆက်လို့ မှာထားတယ်လေ..” “အာ.. အလုပ်များသွား..” “မပြောနဲ့ဗျာ.. အဲ့အလုပ်ကြောင်း..” ။

“မပြောဘူးဟယ်.. စကားကောင်း ပြောလို့ မရတဲ့သူ.. မပြောဘူး..” “ဘာ.. ဘာရယ်.. Ok ကျုပ်က စကားကောင်း ပြောလို့ မရဘူး.. ရတဲ့ကောင်တွေနဲ့ သွားပြော..” “ကောင်းကင်ယံ..” “ဘာလဲ..” “ဘာစကားလဲ အဲ့ဒါက..” “မဟုတ်လို့လား.. တစ်ခါလာလည်း အလုပ်.. တစ်ခါလာလည်း အလုပ်.. အိမ်ပြန်ရောက်တာ ဖုန်းလေး တစ်ချက် ဆက်ပေးဖို့တောင် မအားနိုင်လောက်အောင် များနေတဲ့ အလုပ်.. တစ်နေကုန် စောင့်နေရတဲ့ ကောင်က စောက်ရူးလား.. နည်းနည်းလေး စိတ်ဆိုးကြည့်တာပါ.. စကားကောင်း ပြောလို့ မရဘူး ဆိုတာနဲ့တောင် တွေ့လိုက်သေးတယ်.. ကျုပ်က စိတ်မလုပ်ရတော့ဘူးလား ခင်ဗျားကို.. အဲ့ စောက်အလုပ်နဲ့ ပတ်သက်သမျှ အကုန် ခင်ဗျားရုပ်က အကြည်.. ကျုပ်နဲ့ကျ အမြဲ မကျေနပ်နေလိုက်..”။

“ဟယ်..” “ဘာမှ မဟယ်နဲ့..” “ဘာလို့ အဲ့လောက် ရိုင်းစိုင်းနေတာ..” “ရိုင်းတယ်ကွာ.. ရိုင်းတော့ လီးဖြစ်လား.. သွားနေ လူယဉ်ကျေးတွေနဲ့..” “ထွက်သွား.. ခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားစမ်း.. အရိုင်းစိုင်းကောင်.. မုန်းတယ်.. ပြတ်ပြီ နင်နဲ့ငါ..” “ဘာ..” လိုတာထက် ပိုပြီး တင်းမာ ပြင်းထန်သွားသော အခြေနေ။ ကောင်းကင်ယံက ထင့်ရှေ့တည့်တည့် ရပ်ပြီး ပခုံးနှစ်ဘက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ မေးရိုးများ တင်းထောင်နေအောင် အံကြိတ် ထားသော မျက်နှာ၊ ဒေါသခိုး အပြည့်နှင့် စူးရဲတောက်လောင်နေသော မျက်ဝန်းများ။ ပခုံးနှစ်ဘက်ကို ဆောင့်ခါပြီး “ထပ် ပြောစမ်း.. မုန်းတယ် ဟုတ်လား.. ပြတ်ပြီ ဟုတ်လား.. ထပ်ပြောစမ်း အဲ့စကား..”။

“အေး ပြောမယ် သေချာနားထောင်.. မုန်းတယ် သိလား.. နင့်ကိုငါ အရမ်း မုန်းတယ်.. ဘယ်တော့မှ ပေါ်မလာနဲ့.. ငါ့မျက်စိရှေ့ ဘယ်တော့မှ ပေါ်မလာနဲ့.. ထွက်သွား ခုချက်ချင်း..” ဆုပ်ကိုင်ထားသော လက်နှစ်ဘက် လွတ်ကျသွားသည်။ “Ok, ခင်ဗျား ကျုပ်ကို တကယ်ချစ်ခဲ့တာမှ မဟုတ်ဘဲ။ Bye” ။ အံကျိတ်ပြီး ပြောလိုက်သည့် စကားက သွားကြားမှ ထွက်သည့် လေသာသာ တိုးသဲ့သဲ့။ သို့သော်လည်း ထင့်ရင်ထဲ ပဲ့တင်ထပ်သွားခဲ့ရသည်တော့ အမှန်ပင်။ ချာခနဲ လှည့်ထွက်သွားသည့် ကောင်းကို ငေးရင်း ငူငူကြီး ရပ်ကျန်ခဲ့သည့် ထင်သစ္စာ။ တံခါးဆောင့်ပိတ်သံ ဝုန်းခနဲ ကြားမှ ဒူးတို့ ခွေယိုင်ကာ ထိုင်ကျသွားရသည်။

ကုန်းရုန်းထပြီး “မဟုတ်ဘူး.. မသွားနဲ့ မောင့်.. မ မှားသွားတာ.. နော်..” ဟု အော်ခေါ်ရန် ဝရန်တာလေးဆီ ပြေးထွက်လိုက်တော့ မောင့် ကားလေးက ထွက်သွားပြီ။ ထိုနေ့ညက ထမင်းလည်း မစားဖြစ်။ အိပ်ရာထဲလည်း မရောက်ဖြစ်။ အလုပ်စားပွဲတွင် ငူငူကြီး ထိုင်ပြီး မိုးစင်စင် လင်းသွားခဲ့သည်။ နောက်နေ့မနက်လင်းတော့ ကောင်းထံမှ ပို့နေကျ မနက်ခင်း အနမ်းမက်ဆေ့လေး ရှိမနေ။ ဖုန်းဆက်တော့လည်း မကိုင်။ ခင်ဗျား ကျုပ်ကို တကယ်ချစ်ခဲ့တာမှ မဟုတ်ဘဲ ဟူသည့် စကားက ထင့်နားထဲတွင် တစ်နေ့လုံး တစ်ညလုံး ပဲ့တင် ထပ်နေခဲ့၏။ ပင်ပန်းလွန်းပြီး အိပ်ပျော်သွားသည့် ခဏတွင်လည်း ကျောခိုင်းသွားသည့် ချစ်သူ့ပုံရိပ်က အိပ်မက်ထဲ ထပ်တလဲလဲ။ “မောင့် မသွားပါနဲ့..” ဟု အလန့်တကြား ထအော်ရသည့် ညတွေ များလာခဲ့သည်။

ဘယ်လောက် အလုပ်များများ မိမိအပေါ် ကြင်နာယုယ ပေးဖို့ မပျက်ကွက်ခဲ့သူ လူသားလေး။ အလုပ်နှင့် မာနကိုသာ ရှေ့တန်းတင်ခဲ့မိသော လူသားမဆန်လွန်းသည့် မိမိ။ သူတွဲခဲ့သည့် မိန်းကလေးထဲ ထင့်လို အကြောတင်းတင်း မိန်းမမျိုး တစ်ယောက်မှ မရှိ။ အားလုံးက ကောင်းကင်ယံ အနားတွင် ဒူးထောက်ခစား၍ အလိုရှိလျှင် ဘဝကြီးရင်းပြီး အနင်းခံမည့်သူများချည့်ပင်။ ထိုအထဲတွင် မိမိကြောင့် အဆက်ဖြတ်ခဲ့သော မိန်းကလေးများ ရှိဖူးခဲ့လေမလား။ ထိုမိန်းကလေးကများ ကောင်း လိုချင်သည့် မိသားစု ဘဝလေး ပေးနိုင်သူ ဖြစ်ခဲ့ပါလျင်။ ပူနွေးသော မျက်ရည်တို့ ပါးပြင်သို့ စီးကျလာပြန်သည်။ ခုနေများ အချိန်ယန္တရားတို့ကို နောက်ပြန် လှည့်လို့ ရပါလျင်.. .. ။

မှားမိသော အတ္တနှင့် မာနတို့ကို ပြင်ခွင့် ရဦးမည် ဆိုပါလျင် .. .. ။ သည်သို့ ဆိုလျှင် ထင် ဘာလုပ်သင့်ပါသနည်း။ မျက်ဝန်းထဲတွင် မှုန်ကုပ်ကုပ် မျက်နှာပေးနှင့် မိမိရုံးခန်းဆီ ရောက်လာသော ကောင်လေး တစ်ယောက်ကို ပြန်မြင်ယောင်မိသည်။ မျက်ခုံးထူထူ အောက်က ကိုင်းနက် မျက်မှန်လေး။ စူးစူးနစ်နစ် ကြည့်တတ်သော မျက်ဝန်းတစ်စုံ။ ဂစ်တာတီး ကောင်းသော လက်ချောင်း သွယ်သွယ်များ။ ပြင်းရှလောင်မြိုက်သော ရမ္မက်ညများ ဖန်ဆင်းတတ်သူ။ ဒေါသကြီးသလောက် စိတ်ပြေလည်း မြန်သူ။ သည်လူသားကလေးကို ဤမျှ နာကျင်သွားအောင် မိမိ လုပ်ခဲ့မိပြီထင်ပါသည်။ သေချာတာတော့ ကောင်းကို ပျော်စေချင်သည်။

ပျော်ရွှင်ခြင်းဖြင့် ပြီးပြည့်စုံသော အနာဂတ်လမ်းကိုသာ လျှောက်စေချင်ပါသည်။ သည်အတွက် ထင် ဘာလုပ်ပေးသင့်ပါသနည်း။ ထိုင်နေရာ အိပ်ရာထက်မှ လေးတွဲ့စွာ ထရပ်လိုက်သည်။ ကောင်း ရောက်မလာတော့ကတည်းက လုံးဝ ထွက်မထိုင်ဖြစ်တော့သည့် ဝရန်တာလေးဆီ လျှောက်လာခဲ့လိုက်၏။ နံရံကို မှီရင်း အသာ ထိုင်ချလိုက်သည်။ ထွေးပွေ့ထားနေကျ ရင်ခွင်တစ်ခုကတော့ ဟိုးအဝေးမှာ။ မျက်ရည်ပူတို့ ပြည့်အိုင်နေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ယံဆီ မော်ကြည့်မိသည်။ “မောင်ရေ.. ကောင်းကင်ကြီးရဲ့ အောက်မှာ ရှင်သန်နေသရွေ့ နင့်ကိုငါ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ.. လွမ်းတိုင်း မော့ကြည့်ယုံပေါ့ မောင်ရယ်.. နော်..” တစ်လခန့် ကြာသော်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပြည်ပထွက်ခွာ နေရာရှိ ထိုင်ခုံတန်းကလေးတွင် ချင်းရိုးရာ ဂျပ်ခုတ်ချည်ထည်ထမီကို ချည်ရင်ဖုံးအင်္ကျီ လက်ရှည်လေးနှင့် မြန်မာဆန်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက် တစ်ဦးတည်း အဖော်မဲ့ ထိုင်နေလေသည်။ နဘေးတွင် ချထားသည့် ခရီးဆောင် အိတ်ထဲတွင် ထည့်ယူသွားသည်က ပြင်သစ်နိုင်ငံ ပဲရစ်(စ်) မြို့ရှိ ရောင်နီဦးလုပ်ငန်းစုပိုင် ခရီးသွားလုပ်ငန်း ရုံးခွဲတွင် အပြီးသွားရောက် နေထိုင်ကာ တာဝန် ထမ်းဆောင်တော့မည့် စာရွက်စာတမ်းများ၊ ချင်းဗမာ ကပြား ကောင်လေး တစ်ဦး၏ ဓာတ်ပုံ တစ်ပုံ။ နှလုံးသားထဲတွင် ထည့်ယူသွားသည်က ပိုင်ဆိုင်ခဲ့ဖူးသည့် ချစ်ခြင်းများ၊ မောင့်မျက်လုံးကို သေချာကြည့်.. မငိုနဲ့ကွာ.. စသည့် စကားသံ ဝဲဝဲလေးများနှင့် ဂစ်တာသံ လွင်လွင်၊ အရိုင်းဆန်စွာ ကြင်နာ နွေးထွေးသော အထိအတွေ့များ။

ချန်ထားရစ်ခဲ့သည်က သူမ နှစ်သက်သော ရေမြေသဘာဝ အလှများနှင့် ရာသီဥတုတို့ ရှိသည့် မွေးရပ် မြန်မာပြည်၊ သူမကို ခွင့်မလွှတ်တော့သော ထိုအမျိုးသားလေး။ ရင်ထဲတွင် ပဲ့တင်ထပ်ကာ ရေရွတ်မိသည်က .. .. .. မောင်ရေ.. အသေချာ တွေးကြည့်တော့လည်း ဝေးသင့်လို့ ဝေးကြရတာများလား.. အပြစ်ရှိသူဟာ မပဲ ဖြစ်ပါရစေတော့.. မချစ်ခဲ့ဘူးလို့ စွပ်စွဲတဲ့ စကားကြီး မခံစားနိုင်ပေမဲ့ ရှင်းပြဖို့ အခွင့်အရေး မရှိတော့သလို အခွင့်အရေး ရဖို့လည်း မကြိုးစားတော့ပါဘူး.. လွမ်းစရာ ရှိရင် နာစရာနဲ့ ဖြေရတယ် မဟုတ်လား.. မ ကို နာပါ.. မုန်းပါ.. ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ကွယ်.. ပြီးပါပြီ crd – အချစ်တက္ကသိုလ်။